Saturday, September 24, 2011

ပိတောက်နှင့်တက္ကသိုလ်အလွမ်း

ပိတောက်.......
လောကကြီးတစ်ခွင်လုံးပိတောက်ရနံ့တွေနဲ့လွှမ်းခြုံလျက်ရှိသောမနက်ခင်းကိုလမ်းလျှောက်ရင်းနဲ့စတင်
ခဲ့ပါတယ်.။ဘယ်နေရာကြည့်ကြည့်အပွင့်များနဲ့ဝေဆာနေသောသင်းရနံ့ထုံလွှမ်းနေသောပိတောက်ပန်း
တို့ကိုကြည့်ပြီးစိတ်ညစ်မိတာတော့အမှန်ပါဘဲရှင်.။တစ်နှစ်မှာတစ်ခါသာပွင့်လန်းသောပန်းပိတောက်ကို
အညိုးကြီးကြီးမုန်းနေခြင်းမဟုတ်သလိုကြိုက်နှစ်သက်လို့လည်းမရခဲ့ပါဘူး.။တခါတခါစဉ်းစားမိတယ်.
တနှစ်မှတခါပွင့်တဲ့ပန်းကိုဘာလို့လူတွေကအမြတ်တနိုးကြိုက်နေပါလိမ့်လို့လေ.။ဒါဆိုလည်းပိတောက်
ကြိုက်တဲ့လူတွေကတနှစ်မှတခါဘဲပွင့်လို့လို့ပြန်ဖြေမယ်ထင်ပါတယ်.။ဘာလို့များတနှစ်တခါမှပွင့်တဲ့ပန်း
ကိုတော့မြင်ပြီးအချိန်တိုင်းကြည့်လိုက်တိုင်းရှိနေတဲ့အမြဲဝေဆာနေတဲ့အရွက်လေးတွေကိုတော့ဘာလို့
များမမြင်ကြလဲမသိဘူးနော်.။အော်..လူ့သဘာဝကိုကဒီလိုဘဲလား....အနားမှာအမြဲရှိနေတဲ့အရာတွေကို
သတိမထားမိတန်ဖိုးထားရကောင်းမှန်းမသိဘဲတခါတလေမှရတဲ့အရာတွေကိုဘဲမြင်ပြီးနှစ်သက်နေမိ
တတ်ကြတယ်လေ.။နေ့စဉ်ကျွေးနေတဲ့အိမ်ကထမင်းကိုမမြင်ပေမဲ့တခါတလေမှကျွေးတဲ့သူငယ်ချင်း
မိတ်ဆွေတွေရဲ့စားပွဲတွေကိုမမေ့နိုင်သလိုပေါ့.။ရေးရင်းနဲ့တက္ကသိုလ်တတ်တုန်းကအဖြစ်လေးတခုကို
မှတ်မိလာမိတယ်..။
ဒုတိယနှစ်ရဲ့ဧပြီလမှာပေါ့..ဧပြီလကိုရောက်လာပြီဆိုရင်တော့သင်္ကြန်ရောက်ရောက်မရောက်ရောက်
ပွင့်ဖို့ချောင်းနေတဲ့ပိတောက်ကတော့အပင်ပေါ်မှာဝေေ၀ဆာဆာနေရာယူနေခဲ့တာပေါ့ရှင်.။ကျောင်းရဲ့
အခန်းပေါင်းစုံ၊ကန်တင်းထောင့်ဆုံမှာနေရာယူပြီးတစ်ကျောင်းလုံးကိုသူရနံ့တွေနဲ့လွှမ်းခြုံနေတာပေါ့.
။နေရာစုံမှာအပွင့်တွေအပိုင်စိုးနေတဲ့အချိန်မှာသူတို့အနားကပ်နေတဲ့အရွက်ကလေးတွေကလွဲရင်အ
ပင်ပေါ်မှာကျန်ခဲ့တဲ့အရွက်လေးတွေအတွက်တော့မျက်နှာငယ်စရာပေါ့ရှင်.။အဲလိုတွေးနေတုန်းမှာဘဲ
သူငယ်ချင်းတစ်ယောက်ရဲ့စကားကိုကြားပြီးအလိုလိုသဘောတူသွားမိတယ်လေ.။ကျွန်မသူငယ်ချင်း
ကပြောတယ်.။သူများတွေပန်းတွေပန်နေတဲ့အချိန်မှာငါတို့အရွက်လေးတွေပန်ပြီးသွားကြရင်မကောင်း
ဘူးလားတဲ့လေ.။တခြားချိန်ဆိုနင့်Idealကလည်းဟာလို့ပြောပြီးငြင်းနိုင်ပေမဲ့ကိုယ်ကိုတိုင်လည်းစိတ်ထဲ
တမျိုးမို့သူ့စကားကိုလိုက်လျောမိတယ်လေ.။
ဒါနဲ့ဘဲကျွန်မတို့သူငယ်ချင်းတွေအရွက်ပန်ပြီးကျောင်းပတ်ကြတာပေါ့.။ဘေးနားကသွားနေတဲ့ကောင်
မလေးတွေကတော့ကျွန်မတို့သူငယ်ချင်း၃ယောက်ကိုဘာထွင်တာလဲဆိုပြီးကြည့်သွားကြသူတွေနဲ့..
၊တချို့ဆိုဘာလဲဟဆိုပြီးပြောတဲ့လူတွေကပ်ပြောသလိုပြောကြနဲ့ပေါ့ရှင်.။အဲလိုကြားတော့စိတ်ဆိုးမိ
တာပေါ့.။ကျွန်မသူငယ်ချင်းကိုကြည့်မိတော့သူကတော့ဘာမှအပြောမခံရသလိုမျက်နှာဘေးနဲ့လေ။
ကျွန်မတို့မှာတော့အောင့်သက်သက်ပေါ့.။ကျွန်မတို့ကိုကြည့်ပြီးသူကသတိထားမိတယ်ထင်တယ်.။
သူကကျွန်မတို့ကိုပြောတယ်.အခုပြောသွားတဲ့လူတွေကိုလိုက်မကြည့်နဲ့တဲ့.ကြည့်မိရင်သူတို့မျက်နှာ
တွေကိုမှတ်မိပြီးနောက်လည်းစိတ်ဆိုးနေမိမယ်တဲ့လေ.။ကဲ..ကောင်းရော.။အဲဒီ့စကားတွေကိုအဲ
ဒီ့အချိန်ကနားမလည်သလိုဖြစ်ခဲ့ပေမဲ့ကျွန်မခုတော့နားလည်ခဲ့ပါပြီ.။ကိုယ်လုပ်ချင်ရာကိုလုပ်ပြီးပတ်ဝန်း
ကျင်ဆိုတာကိုလုံးဝဂရုစိုက်စရာမလိုဘူးလို့ဆိုလိုတာမဟုတ်ပေမဲ့တချို့တချို့သောကိစ္စတွေမှာတော့
အဲလိုဘဲဖြတ်သန်းသွားသင့်တယ်လို့ထင်တယ်လေ.။ကျွန်မတို့သာလက်မခံရင်စိတ်ဆင်းရဲခြင်း၊အ
လိုမကျခြင်းဆိုတဲ့လက်ဆောင်တွေကိုရလာနိုင်စရာအကြောင်းမရှိဘူးလေ.။ဟုတ်တယ်ဟုတ်(ဟဲဟဲ
..မော်လမြိုင်လေသံလေးနဲ့ပေါ့ရှင်)..။ဒါပေမဲ့လည်းပုထုစဉ်လူသားပီပီဝမ်းနည်းစရာတွေတွေ့လာရင်
ငါလက်မခံဘူးလို့တွေးတာနဲ့စိတ်မညစ်ရတော့တာမှလည်းမဟုတ်တာနော်.။ဘာဘဲပြောပြောကိုယ့်
ကိုကိုယ်အားတင်းရင်းနဲ့တော့အနည်းငယ်ဖြေဖျောက်ဖို့တော့ကြိုးစားနိုင်ကြမှာပါ.။အော်..ပိတောက်
ပိတောက်နဲ့အစပြုပြီးရောက်ရှိသွားတဲ့တက္ကသိုလ်အလွမ်းလေးတွေကလည်းမနည်းပါလားနော်လို့
တွေးရင်းစာရေးရင်ဘယ်တော့မှအဆုံးမသတ်တတ်တဲ့ကျွန်မရဲ့အကျင့်အတိုင်း.....။
တချိန်ကကျောင်းတော်ကြီးနဲ့ပြန်မဆုံတော့တဲ့ချစ်သူငယ်ချင်းတစ်ယောက်အတွက်အမှတ်တရ......
၂၀၁၁ဧပြီလ၂၈ရက်နေ့

No comments:

Post a Comment