Saturday, September 24, 2011

ပိတောက်နှင့်တက္ကသိုလ်အလွမ်း

ပိတောက်.......
လောကကြီးတစ်ခွင်လုံးပိတောက်ရနံ့တွေနဲ့လွှမ်းခြုံလျက်ရှိသောမနက်ခင်းကိုလမ်းလျှောက်ရင်းနဲ့စတင်
ခဲ့ပါတယ်.။ဘယ်နေရာကြည့်ကြည့်အပွင့်များနဲ့ဝေဆာနေသောသင်းရနံ့ထုံလွှမ်းနေသောပိတောက်ပန်း
တို့ကိုကြည့်ပြီးစိတ်ညစ်မိတာတော့အမှန်ပါဘဲရှင်.။တစ်နှစ်မှာတစ်ခါသာပွင့်လန်းသောပန်းပိတောက်ကို
အညိုးကြီးကြီးမုန်းနေခြင်းမဟုတ်သလိုကြိုက်နှစ်သက်လို့လည်းမရခဲ့ပါဘူး.။တခါတခါစဉ်းစားမိတယ်.
တနှစ်မှတခါပွင့်တဲ့ပန်းကိုဘာလို့လူတွေကအမြတ်တနိုးကြိုက်နေပါလိမ့်လို့လေ.။ဒါဆိုလည်းပိတောက်
ကြိုက်တဲ့လူတွေကတနှစ်မှတခါဘဲပွင့်လို့လို့ပြန်ဖြေမယ်ထင်ပါတယ်.။ဘာလို့များတနှစ်တခါမှပွင့်တဲ့ပန်း
ကိုတော့မြင်ပြီးအချိန်တိုင်းကြည့်လိုက်တိုင်းရှိနေတဲ့အမြဲဝေဆာနေတဲ့အရွက်လေးတွေကိုတော့ဘာလို့
များမမြင်ကြလဲမသိဘူးနော်.။အော်..လူ့သဘာဝကိုကဒီလိုဘဲလား....အနားမှာအမြဲရှိနေတဲ့အရာတွေကို
သတိမထားမိတန်ဖိုးထားရကောင်းမှန်းမသိဘဲတခါတလေမှရတဲ့အရာတွေကိုဘဲမြင်ပြီးနှစ်သက်နေမိ
တတ်ကြတယ်လေ.။နေ့စဉ်ကျွေးနေတဲ့အိမ်ကထမင်းကိုမမြင်ပေမဲ့တခါတလေမှကျွေးတဲ့သူငယ်ချင်း
မိတ်ဆွေတွေရဲ့စားပွဲတွေကိုမမေ့နိုင်သလိုပေါ့.။ရေးရင်းနဲ့တက္ကသိုလ်တတ်တုန်းကအဖြစ်လေးတခုကို
မှတ်မိလာမိတယ်..။
ဒုတိယနှစ်ရဲ့ဧပြီလမှာပေါ့..ဧပြီလကိုရောက်လာပြီဆိုရင်တော့သင်္ကြန်ရောက်ရောက်မရောက်ရောက်
ပွင့်ဖို့ချောင်းနေတဲ့ပိတောက်ကတော့အပင်ပေါ်မှာဝေေ၀ဆာဆာနေရာယူနေခဲ့တာပေါ့ရှင်.။ကျောင်းရဲ့
အခန်းပေါင်းစုံ၊ကန်တင်းထောင့်ဆုံမှာနေရာယူပြီးတစ်ကျောင်းလုံးကိုသူရနံ့တွေနဲ့လွှမ်းခြုံနေတာပေါ့.
။နေရာစုံမှာအပွင့်တွေအပိုင်စိုးနေတဲ့အချိန်မှာသူတို့အနားကပ်နေတဲ့အရွက်ကလေးတွေကလွဲရင်အ
ပင်ပေါ်မှာကျန်ခဲ့တဲ့အရွက်လေးတွေအတွက်တော့မျက်နှာငယ်စရာပေါ့ရှင်.။အဲလိုတွေးနေတုန်းမှာဘဲ
သူငယ်ချင်းတစ်ယောက်ရဲ့စကားကိုကြားပြီးအလိုလိုသဘောတူသွားမိတယ်လေ.။ကျွန်မသူငယ်ချင်း
ကပြောတယ်.။သူများတွေပန်းတွေပန်နေတဲ့အချိန်မှာငါတို့အရွက်လေးတွေပန်ပြီးသွားကြရင်မကောင်း
ဘူးလားတဲ့လေ.။တခြားချိန်ဆိုနင့်Idealကလည်းဟာလို့ပြောပြီးငြင်းနိုင်ပေမဲ့ကိုယ်ကိုတိုင်လည်းစိတ်ထဲ
တမျိုးမို့သူ့စကားကိုလိုက်လျောမိတယ်လေ.။
ဒါနဲ့ဘဲကျွန်မတို့သူငယ်ချင်းတွေအရွက်ပန်ပြီးကျောင်းပတ်ကြတာပေါ့.။ဘေးနားကသွားနေတဲ့ကောင်
မလေးတွေကတော့ကျွန်မတို့သူငယ်ချင်း၃ယောက်ကိုဘာထွင်တာလဲဆိုပြီးကြည့်သွားကြသူတွေနဲ့..
၊တချို့ဆိုဘာလဲဟဆိုပြီးပြောတဲ့လူတွေကပ်ပြောသလိုပြောကြနဲ့ပေါ့ရှင်.။အဲလိုကြားတော့စိတ်ဆိုးမိ
တာပေါ့.။ကျွန်မသူငယ်ချင်းကိုကြည့်မိတော့သူကတော့ဘာမှအပြောမခံရသလိုမျက်နှာဘေးနဲ့လေ။
ကျွန်မတို့မှာတော့အောင့်သက်သက်ပေါ့.။ကျွန်မတို့ကိုကြည့်ပြီးသူကသတိထားမိတယ်ထင်တယ်.။
သူကကျွန်မတို့ကိုပြောတယ်.အခုပြောသွားတဲ့လူတွေကိုလိုက်မကြည့်နဲ့တဲ့.ကြည့်မိရင်သူတို့မျက်နှာ
တွေကိုမှတ်မိပြီးနောက်လည်းစိတ်ဆိုးနေမိမယ်တဲ့လေ.။ကဲ..ကောင်းရော.။အဲဒီ့စကားတွေကိုအဲ
ဒီ့အချိန်ကနားမလည်သလိုဖြစ်ခဲ့ပေမဲ့ကျွန်မခုတော့နားလည်ခဲ့ပါပြီ.။ကိုယ်လုပ်ချင်ရာကိုလုပ်ပြီးပတ်ဝန်း
ကျင်ဆိုတာကိုလုံးဝဂရုစိုက်စရာမလိုဘူးလို့ဆိုလိုတာမဟုတ်ပေမဲ့တချို့တချို့သောကိစ္စတွေမှာတော့
အဲလိုဘဲဖြတ်သန်းသွားသင့်တယ်လို့ထင်တယ်လေ.။ကျွန်မတို့သာလက်မခံရင်စိတ်ဆင်းရဲခြင်း၊အ
လိုမကျခြင်းဆိုတဲ့လက်ဆောင်တွေကိုရလာနိုင်စရာအကြောင်းမရှိဘူးလေ.။ဟုတ်တယ်ဟုတ်(ဟဲဟဲ
..မော်လမြိုင်လေသံလေးနဲ့ပေါ့ရှင်)..။ဒါပေမဲ့လည်းပုထုစဉ်လူသားပီပီဝမ်းနည်းစရာတွေတွေ့လာရင်
ငါလက်မခံဘူးလို့တွေးတာနဲ့စိတ်မညစ်ရတော့တာမှလည်းမဟုတ်တာနော်.။ဘာဘဲပြောပြောကိုယ့်
ကိုကိုယ်အားတင်းရင်းနဲ့တော့အနည်းငယ်ဖြေဖျောက်ဖို့တော့ကြိုးစားနိုင်ကြမှာပါ.။အော်..ပိတောက်
ပိတောက်နဲ့အစပြုပြီးရောက်ရှိသွားတဲ့တက္ကသိုလ်အလွမ်းလေးတွေကလည်းမနည်းပါလားနော်လို့
တွေးရင်းစာရေးရင်ဘယ်တော့မှအဆုံးမသတ်တတ်တဲ့ကျွန်မရဲ့အကျင့်အတိုင်း.....။
တချိန်ကကျောင်းတော်ကြီးနဲ့ပြန်မဆုံတော့တဲ့ချစ်သူငယ်ချင်းတစ်ယောက်အတွက်အမှတ်တရ......
၂၀၁၁ဧပြီလ၂၈ရက်နေ့

Friday, September 23, 2011

တချိန်ကကြုံခဲ့ဘူးသောအမှတ်တရများဆီသို့......

ကျွန်မအသက်၂၄နှစ်ပြည့်ပြီးရင်ကျွန်မဘ၀မှာအရာရာအားလုံးအသစ်ဖြစ်လိမ့်မယ်လို့ကျွန်မကြိုမသိခဲ့ပါ
။အဲလိုသာကြိုသိနိုင်စွမ်းရှိခဲ့မယ်ဆိုရင်လည်း...စီးကျခဲ့ဘူးတဲ့မျက်ရည်တွေကိုကျွန်မထိန်းသိမ်းနိုင်ခဲ့မယ်
ထင်ပါတယ်..။ပျောက်ဆုံးသွားခဲ့ဘူးတဲ့ဘ၀တစ်ခုအတွက်လည်းဘ၀တစ်ခုလုံးပျက်မတတ်ရင်နင့်စွာ
ခံစားခဲ့မိမှာလည်းမဟုတ်ဘူးထင်ပါတယ်..။ကျွန်မဘ၀ရဲ့အတိတ်ဟာတတ်ခဲ့ဘူးတဲ့ကွန်ပျူတာ
တက္ကသိုလ်လိုပါဘဲ.ကျွန်မကွန်ပျူတာတက္ကသိုလ်ကိုတတ်တုန်းကကျောင်းမတတ်ဖို့ဆိုအတွေးထဲ
မှာတောင်မရှိလောက်အောင်ကျောင်းကိုအရမ်းခင်တွယ်ခဲ့တာပါ။သူငယ်ချင်းတွေနဲ့ပျှော်ရွှင်ခဲ့ဘူး
တဲ့ကျောင်းတော်ကြီးဟာဘယ်လိုဘဲကြည့်ကြည့်ရင်ထဲမှာပျှော်ရွှင်မှုတွေအပြည့်နဲ့ပေါ့ရှင်.။မနက်မိုး
လင်းလို့ကျောင်းထဲဝင်လိုက်ရင်ကိုဘဲရင်ထဲမှာဘယ်အရာကပျှော်ရွှင်စေမှန်းမသိလောက်အောင်ခင်
တွယ်ခဲ့ရသူပါ..။ကျွန်မကွန်ပျူတာတက္ကသိုလ်ကြီးကိုချစ်တယ်.။ကျွန်မချစ်ခဲ့ဘူးတဲ့ကျောင်းတောင်ကြီး
ဟာလည်းမပြောင်းလဲဘဲထာဝရရင်ထဲမှာရှိနေအုံးမှာပါ.။ဒါပေမဲ့အခုချိန်မှာကျောင်းတော်ကြီးကိုသွားပါ
လားဆိုရင်ကျွန်မမသွားချင်တော့ပါဘူး.။ဘာလို့လဲ..။ကျွန်မကျောင်းတော်ကြီးကိုမချစ်တော့လို့လား.
။မဟုတ်ပါဘူး.။ကျွန်မကျောင်းတော်ကြီးကိုချစ်နေဆဲပါ.။ကျွန်မရင်ထဲမှာလည်းကျောင်းတော်ကြီးနဲ့ပတ်
သတ်ခဲ့ဘူးတဲ့အမှတ်တရတွေဟာလည်းမပျက်မစီးအရင်တိုင်းဘဲရှိနေဆဲပါ.။.ဒါပေမဲ့ပေါ့ရှင်.။ကျွန်မချစ်
ခဲ့ဘူးတဲ့ကျောင်းတော်ကြီးဟာအခုချိန်မှာရှိနေတဲ့ကျောင်းတော်ကြီးမှမဟုတ်တာဘဲနော်.။
အခုလက်ရှိကျောင်းတော်ကြီးဟာအရင်တုန်းကနဲ့ဘယ်အရာမှပြောင်းလဲမှုမရှိပေမဲ့လည်းကျွန်မရင်ထဲ
ကအမှတ်တရတွေကိုဖြစ်စေခဲ့တဲ့ကျောင်းတော်ကြီးတော့မဟုတ်ဘူးလေ.။အချိန်ကာလတွေရဲ့တိုက်စား
မှုတွေနဲ့အတူကျောင်းတော်ကြီးကလည်းကျွန်မရှိခဲ့ဘူးတဲ့အမှတ်တရတွေကိုလည်းမေ့ပစ်လိုက်ပြီနဲ့တူပါ
တယ်...။အသစ်အသစ်လေးတွေရဲ့ရင်ခွင်မှာခိုလှုံနေမဲ့ကျောင်းတော်ကြီးကလည်းအခုချိန်မှာကျွန်မကို
အရေးတယူဆက်ဆံပေးတော့မှာလည်းမဟုတ်ဘူးထင်တယ်နော်.။ကျွန်မကိုယ်တိုင်လည်းကျောင်း
တော်ကြီးကိုစွန့်ခွာခဲ့ပြီးလက်ရှိကျွန်မရပ်တည်နေရတဲ့ရုံးတော်ကြီးရဲ့ရင်ခွင်မှာပျော်မွေ့အောင်နေထိုင်
ရန်ကြိုးစားနိုင်ခဲ့ပါပြီ.။အတိတ်မှာရှိခဲ့ဘူးတဲ့ကျောင်းတော်ကြီးကိုမေ့ပျောက်သွားတာမဟုတ်ပေမဲ့လည်း
အတွေ့ကြုံသစ်တခုထဲကိုစီးမျောရင်း...ကျွန်မဘ၀ရဲ့နာကျင်မှုအတိတ်တွေကိုလည်းကျွန်မရင်ထဲက
ကွန်ပျူတာတက္ကသိုလ်ကြီးလိုဘဲအရာအားလုံးကိုပြည်ဖုံးကားချဇာတ်သိမ်းပစ်ခဲ့လိုက်ပါပြီ.။ပြီးဆုံးသွား
တဲ့အတိတ်ကိုရင်ထဲကနေအပြီးပိုင်ထုတ်ပစ်ဖို့လောက်ထိကျွန်မမလုပ်နိုင်ခဲ့ပေမဲ့လည်းကျွန်မတတ်ခဲ့ဘူး
တဲ့ကျောင်းတော်ကြီးလိုဘဲသဘောထားရင်းနဲ့ရှေ့ဆက်ရမယ့်ဘ၀အတွက်အားတင်းရင်း....................

ပထမဦးဆုံးသူ့အတွက်အမှတ်တရ

သူ
ဘ၀တစ်ဆစ်ချိုးအကွေ့အပြောင်းမှာဆုံခဲ့ရတဲ့သူ၊တွေ့လိုက်ရင်အမြဲလန်းဆန်းတတ်ကြွနေတတ်သူ၊
စိတ်ညစ်စရာဆိုတာဘ၀မှာမရှိဘူးလို့ထင်ရလောက်အောင်ပြုံးရွှင်တဲ့မျက်နှာကအမြဲပိုင်ဆိုင်ထားတတ်
သူ၊အရာရာကိုနားလည်ခွင့်လွှတ်သည်းခံတတ်သူ၊ပြဿနာတိုင်းဖြစ်တိုင်းအပြစ်မမြင်ဘဲအေးဆေးစွာ
ဖြေရှင်းတတ်သူ၊အသက်ရွယ်နဲ့မလိုက်အောင်handsomeဖြစ်တဲ့သူ့ပုံရိပ်တွေ၊လူတစ်ယောက်ကိုချစ်မိပြီ
ဆိုဘယ်တော့မှအပြစ်မမြင်တတ်တော့သလိုမုန်းပြီဆိုရင်လည်းမျက်စိရှေ့မှာမထားတတ်တဲ့သူ...အိုး
ပြောလေပြောလေမကုန်လေတဲ့သူ့အကြောင်းတွေပါ.။သူနဲ့တိုက်ရိုက်မပတ်သတ်ဖူးပေမဲ့မနက်တိုင်း
ကြားရတဲ့သူ့အသံလေးတွေ၊ညနေရောက်လို့ကြားရတဲ့သူ့စကားသံတွေကလူကိုတတ်ကြွလန်းဆန်း
စေခဲ့ပါတယ်.။တခါတလေစိတ်ညစ်စရာ၊စိတ်ဓါတ်ကျစရာတွေရှိရင်တောင်သူ့ဆီကကြားရတဲ့ရည်မှန်း
ချက်ပန်းတိုင်ဆိုတဲ့စကားသံတွေ၊ဘယ်တော့မှမဆုံးနိုင်တဲ့၊နောက်ဆုံးအချိန်ထိကြိုးစားရမယ်ဆိုတဲ့သူ့ရဲ့
တတ်ကြွမှုတွေကကိုယ့်ဆီကူးလာသလိုရင်ထဲအားဖြစ်စေခဲ့ပါတယ်.။အဲလိုပျော်ရွှင်မှုတွေကိုကြည့်ပြီး
အော်.သူ့မှာစိတ်ညစ်စရာဝေဒနာဆိုတာရှိမှရှိရဲ့လားလို့စဉ်းစားမိတဲ့အထိတောင်ဟန်ဆောင်ကောင်းခဲ့
တဲ့သူ့ပုံရိပ်တွေပါ.။ဟန်ဆောင်မှုတွေရဲ့ကြားကြာရှည်မခံနိုင်လောက်အောင်သူ့ရဲ့ညှိုးနွမ်းမှုပုံရိပ်တွေကို
မြင်တွေ့ခဲ့ရဖူးပါတယ်.။ဝေဒနာကိုအမြဲရင်ထဲမြိုသိပ်ထားနိုင်ခဲ့သူရဲ့ညှိုးနွမ်းနေတဲ့ပုံရိပ်ကိုကြည့်ပြီးသူ
များတွေရဲ့ဝမ်းနည်းမှုထက်ပိုခံစားခဲ့ရပါတယ်.။ကိုယ့်ဝေဒနာကိုတောင်မေ့သွားလောက်အောင်သူ့ဝေဒ
နာကိုကိုယ်ချင်းစာခဲ့မိတယ်.။အော်သူ့ရင်ထဲကဝေဒနာကငါတို့ကြောင့်များလား၊ငါတို့နဲ့များပတ်သတ်
နေမလားလို့တွေးမိရလောက်အောင်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်.။အရင်ကအလုပ်တောင်ပေါ့ပေါ့လေး
တွေးတတ်ခဲ့တဲ့ကိုယ်ကိုတိုင်တောင်သူ့အတွက်ပိုကြိုးစားမိခဲ့တယ်.။ညှိုးနေတဲ့သူ့မျက်နှာလေးပြန်လန်း
စေဖို့အတွက်ပါ.။ခုတော့သူကအားလုံးကိုထားခဲ့ပြီးဝေးရာကိုသွားတော့မယ်တဲ့.။ကြားလိုက်ရတဲ့စကား
သံကရင်ထဲမကောင်းလိုက်တာ.။ကြားနေကျသူ့အသံလေးတွေ၊မြင်နေကျသူ့ပုံရိပ်တွေကိုသတိရရင်
ဘယ်လိုအင်အားနဲ့ကျော်ဖြတ်ရမလဲ.၊ရင်ထဲဝမ်းနည်းနေရင်ဘယ်သူ့ရဲ့စကားသံတွေနဲ့အားတတ်ရမလဲ
.။ဘယ်သူ့ပုံရိပ်ကိုကြည့်ပြီးနမူနာယူရမလဲ..အား..တွေးလေတွေးလေစိတ်မကောင်းလေပါ.။ဒါပေမဲ့
ကိုယ့်ရင်ထဲကခံစားချက်တွေကိုတော့သူတစ်ယောက်မသိနိုင်ပါဘူး..သူဘ၀ကြီးတိုးတတ်အောင်ဘယ်
တော့မှနောက်မဆုတ်ဘဲကြိုးစားတဲ့၊အသက်ရှင်နေသ၍နောက်ဆုံးသက်ထွက်ထိအချိန်တွေဟာကြိုး
စားဖို့လို့ဘဲတွေးနေတဲ့သူကတော့..ဘ၀ပင်လယ်ကြားအလုပ်တွေများလောက်အောင်၊အချိန်ပိုဆိုတာ
မရှိရလေအောင်ကြိုးစားရင်းမရပ်မနားကူးခတ်သွားအုံးမှာပါ.။.သူအနားမှာမရှိတောလည်းဘဲကျွန်မတို့
ရင်ထဲသူ့ပုံရိပ်တွေ၊ကြားနေကြသူ့အသံလေးတွေ၊သူ့ထားခဲ့တဲ့ရှင်သန်ချင်းတွေကဘယ်တော့မှမေ့
ပျောက်သွားနိုင်မှာမဟုတ်တော့ပါဘူး.။သူလည်းဘ၀ပင်လယ်ထဲကူးခတ်ရင်းရည်မှန်းချက်တွေပြည့်ဝ
ပြီးအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းရင်း.....
တချိန်ကဆုံခဲ့တဲ့ပထမဦးဆုံးသူ့အတွက်အမှတ်တရ...